အချစ်နှင့် ထိတွေ့ခြင်း
တိတ်တခိုးအပြုံး
စိတ်နှလုံး မခို့တရို့နဲ့
သမင်မျက်လုံး မညို့တညို့လေးတွေကြောင့်
ရင်ခုန်စေတဲ့ အကြည့်
ချစ်စကား မထိတထိနဲ့
အဲဒီ နှုတ်ခမ်းလှလှလေးတွေကြောင့်
မြင်သူစွဲမက်
ဒီလူ အသဲခိုက်ရတဲ့
ပင်ကိုယ် စတိုင် ခပ်ဆန်းဆန်းလေးတွေကြောင့်
လူတကာ နှစ်သက်
ပြင်စရာတောင် မရှိတဲ့
ဒီခန္ဓာ အချိုးအဆစ်တွေကြောင့်
မမုန်းရက်ပင်
ကိုယ့်အသက် ကမ္ဘာတည်ပြီး
ဆုံးတသက် ကြင်နာပါမြည်ဟု
တိုင်တည်ကတိ သစ္စာတည်လျှက်
အချစ်ဆုံး ရှေ့တွင်
ချစ်တယ် ချစ်တယ် ချစ်တယ် ဟူ၍
နှုတ်မှ တွင်တွင်
ရွတ်ရင်းနှင့်သာ။
သစ်ပင်
----------
No comments:
Post a Comment